လူရှုံးသမားကြီး၏ အချစ်တော်သမီး

လူရှုံးသမားကြီး၏ အချစ်တော်သမီး Play VIP

တာ့ဖုန်းပြည်ရဲ့ ဂုဏ်သရေရှိ မင်းသမီးလေး ကျန်းလီ ဟာ မျှော်လင့်မထားဘဲ မိဘမေတ္တာငတ်မွတ်နေရှာတဲ့ ကလေးမလေး ကျန်းထန်ထန် ရဲ့ ကိုယ်ထဲကို လူဝင်စားလာခဲ့ပါတယ်
ကျန်းထန်ထန်ဆိုတာ ကျန်းမိသားစုရဲ့ ဒုတိယသခင်လေး ကျန်းချန် ရဲ့ သမီးအရင်းလေးပါ ဒါပေမဲ့ အဖေဖြစ်သူရဲ့ ယုယကြင်နာမှုကို မွေးစားသမီးလောက်တောင် မရခဲ့ရှာပါဘူး ဒီလိုနဲ့ အချစ်မခံရတဲ့ ဘဝကို ငြီးငွေ့သွားတဲ့ ကျန်းထန်လေးဟာ သူမရဲ့ အဖေအရင်းကို အပြတ်အသတ် စွန့်ပယ်ပြီး အဖေ့ရဲ့အစ်ကိုဖြစ်သူ ကျန်းရွှင် ကိုသာ သူမရဲ့ အဖေအသစ်အဖြစ် ရဲရဲဝင့်ဝင့် ရွေးချယ်လိုက်ပါတော့တယ် ဒါပေမဲ့ ပြဿနာက ကျန်းရွှင်ဆိုတာ တစ်မြို့လုံးက အသုံးမကျတဲ့ လူရှုံးသမားကြီး လို့ လက်ညှိုးထိုးလှောင်ပြောင်ကြတဲ့သူပါ
ဒီလိုလူကိုမှ အဖေအဖြစ် ရွေးချယ်လိုက်တဲ့ ကလေးမလေးရဲ့ ဆုံးဖြတ်ချက်က တကယ်ပဲ မှန်ကန်ပါ့မလားလှောင်ပြောင်ခံနေရတဲ့ လူရှုံးသမားကြီးကရော သမီးလေးအတွက် အကောင်းဆုံး ဖခင်တစ်ယောက်အဖြစ် အံ့မခန်း ပြောင်းလဲလာမလား အဖေအရင်းဆီမှာ အမှိုက်တစ်စလို အဆက်ဆံခံခဲ့ရတဲ့ ကျန်းထန်လေးဟာ အဖေအသစ်ရဲ့ လက်ပေါ်မှာ အဖိုးတန် ရတနာလေးတစ်ပါးအဖြစ် ဘယ်လိုတွေ တောက်ပလာမလဲဆိုတာကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်ရှင်….

Drama Drama VIP VIP