ကံကြမ္မာကို ပြောင်းပြန်လှန်မယ့် မိခင်မေတ္တာ

ကံကြမ္မာကို ပြောင်းပြန်လှန်မယ့် မိခင်မေတ္တာ Play VIP

မိခင်တစ်ယောက်အတွက် သမီးအရင်းလေးကို ဆုံးရှုံးလိုက်ရခြင်းဟာ ကမ္ဘာပျက်သလို ခံစားရတဲ့ ဝေဒနာပါပဲ စူးယွင် ဟာ သူမရဲ့ ပေါ့ဆမှုကြောင့် သမီးလေး နွမ်းနွမ်း ကို လူကုန်ကူးသူတွေလက်ထဲ ပါသွားစေခဲ့ပြီး သမီးလေးဟာ ရက်ရက်စက်စက် ရိုက်သတ်ခံလိုက်ရပါတယ်

ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှုတွေနဲ့ ခင်ပွန်းဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရတဲ့ စူးယွင်ဟာ နောင်တတွေနဲ့အတူ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ဒါပေမဲ့ ကံကြမ္မာက သူမကို ဒုတိယအကြိမ် အခွင့်အရေး ပေးခဲ့ပါတယ် စူးယွင် တစ်ယောက် မျက်လုံးဖွင့်လိုက်တဲ့အခါမှာတော့ သမီးလေး အန္တရာယ်ဖြစ်ခဲ့တဲ့နေ့ကို ပြန်လည်ရောက်ရှိသွားခဲ့ပါတယ် ဒါဟာ အိမ်မက်မဟုတ်ဘဲ ဘဝသစ် ပြန်ဝင်စားလာတာကို သိလိုက်ရတဲ့အခါမှာတော့ ဒီတစ်ကြိမ်မှာ သမီးလေးကို အသက်ပေးပြီး ကာကွယ်ဖို့ သူမ သန္နိဋ္ဌာန်ချလိုက်ပါတော့တယ် စူးယွင် ဟာ သမီးလေးဆီကို အချိန်မီရောက်အောင် အသည်းအသန် ကြိုးစားခဲ့ပေမဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်သွားတဲ့အခါမှာတော့ အရင်ဘဝကလို အဖြစ်ဆိုးမျိုး ပြန်ကြုံရမှာကို အရမ်းစိုးရိမ်နေခဲ့ပါတယ်

တစ်ဖက်မှာလည်း လူကုန်ကူးသူတွေဟာ ပါဆယ်ပို့သမားအယောင်ဆောင်ပြီး သမီးလေး နွမ်းနွမ်း ရှိရာ တံခါးဝကို ရောက်ရှိနေပါပြီ အတိတ်က အမှားတွေကို ပြင်ဆင်ပြီး သမီးလေးရဲ့ အသက်ကို စူးယွင် တစ်ယောက် အချိန်မီ ကယ်တင်နိုင်ပါ့မလား မိခင်မေတ္တာနဲ့ ကံကြမ္မာကို ဘယ်လိုမျိုး ပြောင်းပြန်လှန်ပစ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ…….

Drama Drama VIP VIP