အမှန်တရား၏ သက်သေ

အမှန်တရား၏ သက်သေ Play VIP

ကျန်းချန် ဟာ ဗုံးရှင်းလင်းရေးအဖွဲ့ရဲ့ အတော်ဆုံး ဒုအဖွဲ့မှူးတစ်ယောက် ဖြစ်ပါတယ် သူဟာ တာဝန်တစ်ခုမှာ အမျိုးသမီး ဓားစာခံ စူးချင်းရှောင် ရဲ့ အသက်ကို ကယ်တင်ဖို့အတွက် သူမရဲ့ အဝတ်အစားတွေကို ဖြတ်တောက်ပြီး ဗုံးဖြုတ်ပေးခဲ့ရပါတယ်

ဒါကို အခွင့်ကောင်းယူပြီး သူ့ရဲ့ပြိုင်ဘက် ကျောက်ယန် နဲ့ စေ့စပ်ထားသူ လီယွဲ့ တို့က ကျန်းချန် ကို သိက္ခာမဲ့သူအဖြစ် အွန်လိုင်းပေါ်မှာ သတင်းဖြန့်ပြီး အလုပ်ကနေ ထုတ်ပစ်ဖို့ ကြိုးစားခဲ့ကြပါတယ် ကျန်းချန် ဟာ မိန်းကလေးတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ဖို့ပဲ စဉ်းစားခဲ့တာဖြစ်လို့ မဟုတ်မမှန်တဲ့ ဝန်ခံကတိတွေကို လက်မှတ်မထိုးနိုင်ဘဲ ငြင်းဆန်ခဲ့ပါတယ်

ဒါကြောင့်ပဲ သူဟာ အလုပ်ကနေ ရပ်နားခံလိုက်ရသလို ချစ်သူ လီယွဲ့ ကလည်း သူ့ကို လမ်းခွဲပြီး ပြိုင်ဘက် ကျောက်ယန် နဲ့ လက်တွဲသွားခဲ့ပါတယ် ဂုဏ်သိက္ခာတွေ ဖျက်ဆီးခံရပြီး အချစ်ရေးမှာလည်း သစ္စာဖောက်ခံလိုက်ရတဲ့ ကျန်းချန် တစ်ယောက် သူ့ရဲ့ မှန်ကန်မှုကို ဘယ်လိုသက်သေပြမလဲ ပြီးတော့ သူကယ်တင်ခဲ့တဲ့ စူးချင်းရှောင် ကရော သူ့ကို ဘယ်လို ပြန်လည်ကူညီမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ….

Drama Drama VIP VIP