Play VIP
ပါရမီရှင် ကျင့်ကြံသူတစ်ဦးဖြစ်တဲ့ ကျန်းရှဲဟာ လွန်ခဲ့တဲ့ ၅ နှစ်က နဂါးကျင့်စဉ် ကိုးဆင့်အထိ အောင်မြင်သွားခဲ့ပေမဲ့ အပြင်ပန်းမှာတော့ ဘာမှမတတ်တဲ့ အားနည်းသူတစ်ယောက်လို လျှို့ဝှက်နေထိုင်နေသူ ဖြစ်ပါတယ် တစ်ရက်မှာတော့ ဖေမိသားစုရဲ့ နှစ်တစ်ရာမှာ တစ်ယောက်သာပေါ်တဲ့ ပါရမီရှင် သမီးအကြီးဖြစ်သူ ဖေးကျိန်း က ကျန်းရှဲဟာ အသုံးမကျတဲ့သူဆိုပြီး သူတို့ရဲ့ စေ့စပ်ပွဲကို အထင်အမြင်သေးစွာနဲ့ လာရောက်ဖျက်သိမ်းခဲ့ပါတယ်ဒါပေမဲ့ စေ့စပ်ပွဲဖျက်သိမ်းခံရချိန်မှာတောင် ကျန်းရှဲက တည်ငြိမ်လွန်းပြီး နက်နဲတဲ့စိတ်ထား ရှိနေတာကို ညီမဖြစ်သူ ဖေလီက ရိပ်မိသွားခဲ့ပြီး အမကြီးမယူရင် သူမကိုယ်တိုင် ကျန်းရှဲနဲ့ လက်ထပ်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ် ကျန်းရှဲကို အထင်သေးပြီး စေ့စပ်ပွဲဖျက်ခဲ့တဲ့ အမဖြစ်သူနဲ့ မိသားစုတစ်ခုလုံး နောက်ပိုင်းမှာ ကျန်းရှဲရဲ့ အစွမ်းအမှန်ကို သိသွားရတဲ့အခါ ဘယ်လိုမျိုး နောင်တရပြီး အလှည့်စားခံလိုက်ရမလဲဆိုတာ တကယ်ကို ဟာသနှောပြီး စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်နော်……