Play VIP
ကျောက်ယွဲ့ နဲ့ ရှို့နီက မိဘမဲ့ဂေဟာက မိဘမဲ့ကလေးဖြစ်ပါတယ်။ တစ်နေ့မှာ ငွေကြေးချမ်းသာတဲ့ ကုမိသားစုနဲ့ ဆင်းရဲတဲ့ ယဲ့မိသားစု ၂ စုက ကလေးတစ်ယောက်စီကို ခေါ်ယူမွေးစားခဲ့ပါတယ်။ ပထမဘဝမှာ ကျောက်ယွဲ့က ဆင်းရဲတဲ့မိသားစုရဲ့မွေးစားခြင်းခံရပြီး ရှို့နီက ချမ်းသာတဲ့မိသားစုကိုရွေးချယ်ခဲ့ပါတယ်။ ချမ်းသာလို့ စိတ်ချမ်းသာခြင်း၊ ဂရုစိုက်ခြင်း နဲ့ ချစ်ခြင်းမေတ္တာတွေကို ရရှိမယ်လို့မျှော်လင့်ပေမယ့် မွေးစားအစ်ကိုရဲ့ နှိပ်စက်တာကို ငယ်စဉ်ကနေကြီးပြင်းလာသည်အထိ နှိပ်စက်ခံရပါတယ်။ ကျောက်ယွဲ့ကတော့ ဆင်းရဲတဲ့မိဘ နှိပ်စက်ခြင်းကို ခံခဲ့ရပြီး သူဌေးသားနဲ့ ချစ်ကြိုက်ပြီး လက်ထပ်ခဲ့ပါတယ်။ လက်ထပ်တဲ့နေ့မှာ ရှို့နီက သူ့မွေးစားအစ်ကိုသည်သူ့အပိုင်ဖြစ်ရမယ်လို့ တစ်ထစ်ချယုံကြည်ထားပါတယ်။ ယုံကြည်မှုတွေက မဖြစ်နိုင်တော့တဲ့အချိန် ကျောက်ယွဲ့ရဲ့ မင်္ဂလာပွဲအပြီး ကားလမ်းဖြတ်ကူးနေတဲ့ ကျောက်ယွဲ့ကို ရှို့နီက ကားကိုအရှိန်နဲ့မောင်းလာပြီး တိုက်သတ်လိုက်ပါတယ်။ သူတို့ ၂ ယောက် လမ်းပေါ်မှာ သေခါနီးဖြစ်ပြီး မျက်လုံးပွင့် ပြန်နိုးလာချိန်မှာတော့ ငယ်စဉ်ဘဝ မိဘမဲ့ဂေဟာမှာ မိသားစု ၂ စုရဲ့ ကလးမွေးစားဖို့ ဂေဟာကိုရာက်တဲ့အချိန်ဖြစ်နေခဲ့ပါတယ်။