Play VIP
ကျောက်ဖုန်း (Zhao Feng) ဟာ မိဘမဲ့တစ်ဦးဖြစ်ပြီး သူ့အပေါ် ကောက်ကျစ်လှည့်ဖြားခဲ့တဲ့ ဦးလေးကြီးမိသားစုအတွက် တသက်လုံး ဒုက္ခခံ၊ ပစ္စည်းဥစ္စာတွေ ပေးဆပ်ခဲ့သူ ဖြစ်ပါတယ် ဒါပေမဲ့ သူတို့ကြောင့်ပဲ ဇနီးဖြစ်သူ ရှီစွေ့ (Shi Sui) က အလုပ်ပင်ပန်းပြီး စောစောစီးစီး သေဆုံးခဲ့ရသလို၊ သမီးလေး ရှုရင် (ယာယာ) ကလည်း ပျောက်ဆုံးသွားခဲ့ရပါတယ် နောက်ဆုံးမှာတော့ ကျောက်ဖုန်းဟာ နာမကျန်းဖြစ်နေချိန်မှာတောင် ဦးလေးကြီးတို့ သားအမိရဲ့ လှည့်ကွက်နဲ့ ဆိုင်ပါအလုခံရပြီး လမ်းဘေး ရောက်ခဲ့ရပါတယ်သူ့ဘဝတစ်ခုလုံး မှားယွင်းခဲ့တာကို နောင်တရရင်း သေဆုံးသွားချိန်မှာတော့ အံ့ဩစရာကောင်းလောက်အောင် ၁၉၈၀ ခုနှစ်၊ အတိတ်ကာလဆီကို အချိန်ခရီးသွားပြီး ပြန်လည်နိုးထလာခဲ့ပါတယ် အတိတ်မှာ သူဟာ ဦးလေးကြီးရဲ့ သား လက်ဖွဲ့ကြေးအတွက်ဆိုပြီး မိမိသားအမိကို ထမင်းငတ်ထား၊ နှိပ်စက်ခဲ့တဲ့ အမှားတွေကို ပြန်မြင်ရတဲ့အခါမှာတော့ ကျောက်ဖုန်းတစ်ယောက် နောင်တတရားတွေနဲ့အတူ ဘဝဟောင်းကလို အူကြောင်ကြောင် မလုပ်တော့ဘဲ ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်သူစိမ်းတွေကို မကူညီတော့ဘဲ မိမိဇနီးနဲ့ သမီးကိုပဲ အသက်နဲ့လဲပြီး စောင့်ရှောက်ဖို့၊ အနိုင်ကျင့်သမျှ အကြွေးဟောင်းတွေကို အပြတ်ရှင်းဖို့ ကြိုးစားလာတဲ့ ကျောက်ဖုန်းတစ်ယောက် ဦးလေးကြီးတို့ မိသားစုရဲ့ အတ္တတွေကို ဘယ်လို ပညာပေး ခြေမှုန်းသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ရှုစားရမှာ ဖြစ်ပါတယ်