သူဌေးကြီး၏ လက်စားချေပွဲ

သူဌေးကြီး၏ လက်စားချေပွဲ Play VIP

ဟင်းထဲ ယင်ကောင်ပါနေတာကို သတိပေးတဲ့ ငယ်သူငယ်ချင်း ချူချန်ရှောင်ကို “၃ နှစ်လုံး အလကားလာစားသူ” ဟု စွပ်စွဲကာ ဆိုင်ထဲမှ အရှက်ခွဲ နှင်ထုတ်ခဲ့တဲ့ ဝမ်ယွိကျောင်း ဒါပေမဲ့ ချူချန်ရှောင်ဟာ သူမဆိုင်ကို နောက်ကွယ်က ပံ့ပိုးပေးထားတဲ့ သူဌေးကြီး ဖြစ်နေခဲ့ပါတယ်ကျေးဇူးကန်းတဲ့ ဝမ်ယွိကျောင်းကို စိတ်ပျက်သွားတဲ့ ချူချန်ရှောင်ဟာ ရန်ပုံငွေ၊ မီးဖိုချောင်အဖွဲ့နဲ့ ကုန်ကြမ်းဖြန့်ချိမှုတွေကို ချက်ချင်း ရုပ်သိမ်းလိုက်သလို ဆိုင်ငှားခကိုပါ ၃ ဆ တိုးခိုင်းလိုက်တာကြောင့် သူမရဲ့ ဆိုင်မှာ ဒုက္ခပင်လယ်ဝေသွားခဲ့ပါတယ်အခြားတစ်ဖက်မှာတော့ မိုးရွာထဲ စေတနာကောင်းနဲ့ ခေါက်ဆွဲဧည့်ခံခဲ့တဲ့ မိဘမဲ့ စားဖိုမှူးမလေး ရှလင်းရဲ့ ဆိုင်မှာ ချူချန်ရှောင်က သူ့ကုမ္ပဏီ ဝန်ထမ်း ၃၀ ရဲ့ ထမင်းစားပွဲကို ကျင်းပပေးခဲ့ပါတယ် ရှလင်းရဲ့ လက်ရာကောင်းမွန်မှုကြောင့် အွန်လိုင်းမှာ ပေါက်သွားခဲ့ပြီး ချူချန်ရှောင် မရှိရင် ဘာမှမဟုတ်တော့တဲ့ ဝမ်ယွိကျောင်းတစ်ယောက် အရှက်ကွဲရပြီးတော့ စိတ်ထားကောင်းတဲ့ ရှလင်းကရော ဘာတွေ ဖြစ်လာမလဲဆိုတာ ရှုစားရမှာ ဖြစ်ပါတယ်……..

Drama Drama VIP VIP