ကျွန်မမိဘတွေက လူမိုက်ကြီးတွေပါ

ကျွန်မမိဘတွေက လူမိုက်ကြီးတွေပါ Play VIP

လူမိုက်စုံတွဲမှ မွေးဖွားလာခဲ့ပေမဲ့ သမီးဖြစ်သူ စုနျန့် (Su Nian) ကတော့ မိဘများနှင့် လုံးဝမတူဘဲ စာဂျောင်မလေး ဖြစ်နေခဲ့ပါတယ် ၆ တန်းရောက်မှ သမီးဖြစ်သူ စာမေးပွဲတွင် သင်္ချာ ၁၀၀၊ ဘာသာစကား ၉၈ နဲ့ အင်္ဂလိပ်စာ ၉၉ မှတ် ရထားတာကို သိသွားခဲ့သည့် မိဘများက စာမပြေးဘဲ ကျောင်းတက်ရတာ ကြိုက်သည်ဆိုသော စုနျန့်ကို ဆေးမင်ကြောင် ထိုးပေးရန်နှင့် ဘိလိယက် ကစားနည်း သင်ပေးရန် ကြိုးစားခဲ့ကြပါတယ် သို့သော် စုနျန့်က အဆင့်တစ်ရပါက ပညာသင်ဆု ယွမ် ၃,၀၀၀ ရရှိမည်ဟု ဆိုကာ မိဘများကို ပထမဆုံးအကြိမ် စည်းရုံးနိုင်ခဲ့သဖြင့် မိဘများက သူမကို လူမိုက်မလေး ဖြစ်အောင် လုပ်မည့် အစီအစဉ်ကို စွန့်လွှတ်လိုက်ကြပါတယ်
အထက်တန်းရောက်သည်အထိ မိဘများ၏ သာမန်မဟုတ်သော နည်းလမ်းဖြင့် ဂရုစိုက်မှုကို ခံခဲ့ရပြီး ကျောင်းတွင်လည်း အဖေဖြစ်သူ၏ ထောင်ကျဖူးသော လူမိုက်နောက်ကြောင်းကြောင့် ဆရာများနှင့် အတန်းဖော်များ၏ စည်းစောင့်ကြည့်မှုကို ခံခဲ့ရပါတယ် သို့သော်လည်း စုနျန့်က စာမေးပွဲတိုင်းတွင် ထူးချွန်စွာ ဖြေဆိုနိုင်ခဲ့သည့်အပြင် စာကြည့်တိုက်၌ အတန်းဖော်များကိုပါ စာပြန်ပြပေးနိုင်ခဲ့ပါတယ် စာကြည့်တိုက်မှာ စာကျက်နေစဉ် အမေဖြစ်သူက ဖုန်းဆက်ကာ “အပြင်မှာ သွားမဆော့ဘဲ ဘာလို့ စာကြည့်တိုက်မှာ ထိုင်နေရတာလဲ” ဟု ဆူပူမိန့်မှာနေသည့် မိဘများနှင့် စုနျန့်တို့၏ ချစ်စဖွယ် အလွဲများကို  ဟာသနှောကာ ကြည့်ရှုရမှာ ဖြစ်ပါတယ်…

Drama Drama VIP VIP