Play VIP
မတော်တဆမှုတစ်ခုနှင့် ရာစုနှစ်အတွင်း အပြင်းထန်ဆုံး သံလိုက်မုန်တိုင်း တိုက်ခတ်သည့် ညတွင် ဖြစ်ပေါ်ခဲ့သော လရောင်ဖြစ်စဉ်ကြောင့် ဥပဒေရုံးမှ ထိပ်တန်း ဝန်ထမ်း အမေ ဖြစ်သူ မစ္စ ကျိမင်ရွှမ် (Ji Mingxuan) နှင့် သူမ၏ သမီးဖြစ်သူ စူးယာယာ (Su Yaya) တို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များ အပြန်အလှန် လဲလှယ်သွားခဲ့ကြပါတယ်။
ဆုတောင်းပြည့်ပြီး စိတ်ဓာတ်မရင့်ကျက်သေးသည့် သမီးဖြစ်သူမှာ လူကြီးခန္ဓာကိုယ် ရရှိသွားသဖြင့် အိမ်လခ၊ ကားလခများနှင့် လူကြီးများ၏ ခါးသီးသော လူမှုဘဝ ရုန်းကန်ရမှုကို စတင်ရင်ဆိုင်ရချိန်တွင် မသိနားမလည်သည့် အမေဖြစ်သူ ကလေးမလေးကိုပါ တာဝန်ယူ စောင့်ရှောက်ရပါတော့သည်။
ကားတိုက်မှုများဖြင့် မူလအတိုင်း ပြန်လဲရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ဘဲ၊ သမီးဖြစ်သူ၏ လူကြီးခန္ဓာကိုယ်ဖြင့် အလုပ်သွားရာတွင် ကလေးဆန်းဆန်း မိတ်ကပ်များ လိမ်းခြယ်မှုကြောင့် အလုပ်၌ အခက်တွေ့ရသလို၊ သူမအမေကို ကြိုက်နှစ်သက်သည့် ရှန်ရီကျုန်း (Shen Yizhong) နှင့် ပြန်လည်ဆုံတွေ့ကာ အနိမေ (Anime) စိတ်ဝင်စားမှုတူရာမှ ရင်းနှီးသွားကြပြိး သူမ အမေ ကျိမင်ရွှမ် ရဲ့အချစ်ကို ရနိုင်ပါ့မလားဆိုတာကို ဟာသနှင့် စိတ်လှုပ်ရှားဖွယ် ရှုစားရမည်ဖြစ်ပါတယ်။