Play VIP
တာရှနိုင်ငံ၏ နံပါတ်တစ် စစ်နတ်ဘုရားနှင့် နဂါးသူရဲကောင်းဖြစ်သူ လင်းထျန်း သည် နယ်စပ်တွင် တိုက်ပွဲများ ဆင်နွှဲပြီးနောက် အနားယူလိုသဖြင့် တပ်မှ ထွက်ခွာခွင့် တောင်းခံခဲ့သည်။ ထို့ကြောင့် ဆရာဖြစ်သူ နဂါးစစ်သူကြီးက ရောဂါပေါင်းစုံကို ပျောက်ကင်းစေနိုင်သည့် “မြင့်မြတ်သောဆေး” ကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သူ အမျိုးသမီး စူးဝမ်ချင်း ကို အကာအကွယ်ပေးရန်နှင့် ဆေးကို အောင်မြင်စွာ ဖြန့်ချိနိုင်ပါက စစ်တပ်မှ ငြိမ်းချမ်းစွာ အနားယူခွင့်ပေးမည်ဟု ကတိပြုကာ တာဝန်ပေးအပ်ခဲ့သည်။
စူးဝမ်ချင်း ကို ရှာဖွေရန် နယ်စပ်မှ ထွက်ခွာလာစဉ် လမ်းခရီး၌ မင်မိသားစု ၏ အောက်လက်ငယ်သားများက စူးဝမ်ချင်းထံမှ “မြင့်မြတ်သောဆေး” ကို လုယူရန်နှင့် သူမအား အနိုင်အထက် ပြုကျင့်ရန် ကြိုးပမ်းနေသည်ကို လင်းထျန်း တွေ့ရှိခဲ့ရသည်။ မိန်းမနှစ်ယောက်စလုံး အဆိပ်ခတ်ခံထားရသဖြင့် လင်းထျန်းသည် လက်သီးလက်မောင်းအားဖြင့် ရန်သူများကို နှိမ်နင်းကာ အကြောနှိပ်၍ အဆိပ်များကို ဖယ်ရှားပေးခဲ့သည်။ သို့သော် အဆိပ်ပြယ်၍ နိုးလာသောအခါ အဝတ်အစားများ ပေါက်ပြဲနေသည်ကို တွေ့ရသဖြင့် စူးဝမ်ချင်းနှင့် သူမ၏ အပေါင်းပါတို့က လင်းထျန်းအား လူယုတ်မာဟု အထင်လွဲကာ ငွေကျပ် ၂ သန်းပေး၍ အသံတိတ်ခိုင်းခဲ့သည်။
ထို့နောက် စူးဝမ်ချင်း၏ အဖေဖြစ်သူက သမီးဖြစ်သူ လုံခြုံရေးအတွက် လင်းထျန်း ကို သီးသန့် ငှားရမ်းကာ အနီးကပ် ကာကွယ်ပေးသူအဖြစ် မိတ်ဆက်ပေးခဲ့သည်။ စူးဝမ်ချင်းနှင့် သူငယ်ချင်းဖြစ်သူတို့က လင်းထျန်းကို အောက်တန်းစား အထင်သေးကာ မိမိတို့ ငှားရမ်းထားသော အထူးတပ်ဖွဲ့ဝင် လုံခြုံရေးများနှင့် ယှဉ်ပြိုင်ခိုင်းခဲ့ရာ လင်းထျန်းက တစ်စက္ကန့်အတွင်းပင် လက်ရည်ပြိုင် လက်စွမ်းပြခဲ့သည်။ လင်းထျန်း၏ တကယ့် စစ်နတ်ဘုရား စွမ်းရည်နှင့် စေတနာကို သဘောပေါက်သွားသော စူးဝမ်ချင်း၏ အဖေက သမီးဖြစ်သူအား ကုမ္ပဏီမှ ထွက်ခိုင်းမည်ဟု ခြိမ်းခြောက်ကာ လင်းထျန်းနှင့် ချက်ချင်း တရားဝင် လက်ထပ်စာချုပ် ထိုးခိုင်းလိုက်သည့်အခါတွင်တော့…