Play VIP
၅ နှစ်ဆက်တိုက် စံပြအလုပ်သမားဆုရထားတဲ့ လေယာဉ်ပြုပြင်ထိန်းသိမ်းရေးမှူး လီဖန်ဟာ ဟန်ချန် ၂၅၈၇ လေယာဉ်ခရီးစဉ်ကို စက်ချို့ယွင်းချက်ရှိလို့ မပျံသန်းဖို့ သတင်းပို့ခဲ့ပေမဲ့ လေယာဉ်က ပျက်ကျသွားခဲ့ပြီး ခရီးသည် ၂၃၆ ယောက်လုံး အသက်ဆုံးရှုံးခဲ့ရပါတယ်အဲဒီနောက်မှာတော့ သူနဲ့အတူ စစ်ဆေးခဲ့တဲ့ ကျန်းဟိုင်ချောင်နဲ့ လီဖန်ရဲ့ ဇနီးဖြစ်သူ လင်းဟိုင်ရှန်းတို့ ပူးပေါင်းပြီး ကင်မရာမှတ်တမ်းနဲ့ လက်မှတ်တွေကို အသုံးချကာ လီဖန်ကို လူသတ်သမားအဖြစ် အပြစ်ပုံချ ထောင်ချောက်ဆင်ခဲ့ကြပါတယ်
မတရားစွပ်စွဲခံရပြီး သေဆုံးသွားခဲ့တဲ့ လီဖန်ဟာ အချိန်ကို နောက်ပြန်ဆွဲကာ လေယာဉ်မပျက်ကျခင် ၃ နာရီအလို အတိတ်ဘဝကို ပြန်လည်ရောက်ရှိသွားတဲ့အခါမှာတော့ ဇာတ်လမ်းက တဖြည်းဖြည်း စိတ်လှုပ်ရှားဖို့ ကောင်းလာပါတော့တယ် အတိတ်ဘဝကို ပြန်ရောက်လာတဲ့ လီဖန်ဟာ ဒီတစ်ကြိမ်မှာတော့ သူတို့ရဲ့ ပူးပေါင်းကြံစည်မှုထဲက သားကောင်အဖြစ် အကျခံတော့မှာ မဟုတ်ဘဲ ကံကြမ္မာကို ပြောင်းလဲဖို့နဲ့ နောက်ကွယ်ကလူကို ဖော်ထုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် သူက လေယာဉ်တစ်စီးလုံးကို အသေအချာ ပြန်စစ်ဆေးပြီး သက်သေအဖြစ် အခြားစစ်ဆေးရေးမှူးတစ်ဦးကိုပါ ဘေးကနေ မှတ်တမ်းတင်ခိုင်းထားခဲ့ပေမဲ့ ထင်မှတ်မထားစွာနဲ့ ကွန်ပျူတာစစ်ဆေးချက်မှာ ဘာအမှားမှ ပြမနေခဲ့ပါဘူး
အရင်ဘဝကလို ကျန်းဟိုင်ချောင်က ပြုပြင်ရေးဌာနကို မပြန်ဘဲ လေကြောင်းထိန်းမျှော်စင်ဘက်ကို ထူးဆန်းစွာ သွားနေတာကို သတိပြုမိတဲ့အခါ လီဖန်တစ်ယောက် ဒီဘဝမှာရော ထောင်ချောက်ထဲကနေ လွတ်မြောက်နိုင်ပါ့မလား အမှန်တရားကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ရင်သပ်ရှုမောဖွယ် စောင့်မျှော်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်