Play VIP
နှလုံးရောဂါကို ၁၂ နှစ်တိုင်တိုင် အလူးအလဲခံစားခဲ့ရတဲ့ ချန်ကျစ်ယီဟာ နောက်ဆုံးတော့ သင့်တော်တဲ့ နှလုံးအလှူရှင်တစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ဒါပေမဲ့ ခွဲစိတ်ခါနီးအချိန်လေးမှာပဲ ဆေးရုံရဲ့တာဝန်ခံဆရာဝန်တွေဖြစ်တဲ့ သူမရဲ့အဖေနဲ့အမေက ဂုဏ်သိက္ခာကို ငဲ့ကွက်ပြီး ချန်ကျစ်ယီအတွက် အစားထိုးရမယ့်နှလုံးကို ဘာမှမပတ်သက်တဲ့ ဆင်းရဲသားကျောင်းသား ကျိုးကျင့်ဟော်ကို ပေးလိုက်ကြပါတယ် ကျန်းချန်ပြည်သူ့ဆေးရုံရဲ့ တစ်နှစ်တာအကောင်းဆုံးစွမ်းဆောင်ရည်ဆုပေးပွဲမှာ မိခင်ဖြစ်သူ ဒေါက်တာလီချင်းဝမ် ဆုတက်ယူတဲ့အချိန်ကျမှ ဒီအမှန်တရားကို သိရှိသွားတဲ့ ချန်ကျစ်ယီဟာ ရင်ကွဲမတတ်ခံစားရပြီး ပွဲအလယ်မှာတင် မိဘတွေနဲ့ ပြင်းပြင်းထန်ထန် အခြေအတင်ဖြစ်ခဲ့ပါတယ်မိဘအရင်းတွေဖြစ်ပါလျက် သမီးဖြစ်သူရဲ့အသက်ထက် အပေါ်ယံဂုဏ်သိက္ခာကို ပိုအရေးစိုက်တဲ့အပြင် ကျိုးကျင့်ဟော်ကိုပါ အတင်းအကျပ်တောင်းပန်ခိုင်းတာကြောင့် ချန်ကျစ်ယီတစ်ယောက် စိတ်နာကိုယ်နာနဲ့ မိသားစုကို စွန့်ခွာပြီး ထွက်လာခဲ့ပါတော့တယ် ခွဲစိတ်ဖို့အတွက် ငွေကြေးအမြောက်အမြား လိုအပ်နေတဲ့အပြင် ကျန်းမာရေးကြောင့် ကျောင်းပါထွက်လိုက်ရတဲ့ ချန်ကျစ်ယီဟာ အသက်ဆက်ရှင်ဖို့အတွက် လစာကောင်းတဲ့ လိုက်ဖ်လွှင့်သူ အလုပ်ကို ဝင်ရောက်လုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ် မိဘတွေရဲ့ အတ္တကြားမှာ လျစ်လျူရှုခံလိုက်ရတဲ့ ချန်ကျစ်ယီတစ်ယောက် သူမရဲ့ရောဂါကို ကုသပြီး အသက်ဆက်ရှင်နိုင်ပါ့မလားဆိုတာကိုတော့ စိတ်မကောင်းစရာ ဆက်လက်ရှုစားရမှာပဲ ဖြစ်ပါတယ်