Play VIP
စူးဝမ်ဟာ ဝမ်မိသားစုဆီ ချွေးမအဖြစ် ရောက်ရှိနေတာ ၃ နှစ်ရှိပြီဖြစ်ပေမဲ့ ကလေးမရနိုင်တာကြောင့် ယောက္ခမဖြစ်သူရဲ့ နှိပ်စက်မှုကို အမြဲခံနေရသူပါ တကယ်တော့ ဒါဟာ သူမရဲ့အပြစ်မဟုတ်ဘဲ ခင်ပွန်းဖြစ်သူ ဝမ်တာကျွင်းရဲ့ ကျန်းမာရေးပြဿနာကြောင့်သာ ဖြစ်ပါတယ် ဒါကိုလက်မခံတဲ့ ယောက္ခမက မိသားစုသိက္ခာအတွက်ဆိုပြီး စူးဝမ်ကို တခြားယောင်္ကျားတစ်ယောက်နဲ့ မှားယွင်းစေဖို့ ဟင်းရည်ထဲ ဆေးခတ်ပြီး ထောင်ချောက်ဆင်ခဲ့ပါတယ်
ဆေးရှိန်တက်လာတဲ့ စူးဝမ်ဟာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး သန်းခေါင်ယံအချိန်မှာပဲ နယ်မြေခံလူမိုက်တစ်ယောက်ရဲ့ စိုက်ခင်းထဲကို မတော်တဆ ရောက်ရှိသွားခဲ့တယ် အဲဒီနောက်မှာတော့ သူမကို လိုက်လံရှာဖွေနေတဲ့ ဝမ်မိသားစုရန်ကနေ အဆိုပါလူမိုက်က ကာကွယ်ပေးခဲ့ပါတယ် မိသားစုဆီပြန်ရင် အသတ်ခံရနိုင်တဲ့ စူးဝမ်တစ်ယောက် သူမကို ကာကွယ်ပေးမယ့်သူနဲ့အတူ ဘယ်လိုရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းမှာပါနော်…