Play VIP
ရှန်အိမ်တော် (Shen Manor) သို့ ရောက်ရှိသွားသည့် ကိုယ်လုပ်တော်များသည် မည်သူမျှ သုံးလထက် ပို၍ အသက်မရှည်ကြဘဲ ရက်စက်စွာ သေဆုံးကြရသည်ဆိုသည့် သတင်းဆိုးကြောင့် မည်သည့်မိန်းကလေးမျှ မဝင်ရဲကြတော့ပေ။ သို့သော် မိခင်ကဲ့သို့ ချစ်ခင်ရသည့် မမကြီးမှာ လွန်ခဲ့သော ၅ နှစ်က ထိုအိမ်တော်အတွင်း သို့ဆန်းကြယ်စွာ သေဆုံးသွားခဲ့ရသဖြင့် မိန်းမလှလေး ချောင်အာ (Qiao’er) သည် မမကြီးအတွက် ကလဲ့စားချေရန် စိတ္တဇဆန်ဆန် အန္တရာယ်များလှသော ရှန်အိမ်တော်သို့ “ပဉ္စမမြောက် ကိုယ်လုပ်တော်” အဖြစ် စွန့်စားဝင်ရောက်ခဲ့ပါတယ်။
ရှန်အိမ်တော်သို့ ရောက်ရောက်ချင်းတွင်ပင် စည်းကမ်းချက်များစွာဖြင့် ခန္ဓာကိုယ် ဖြူစင်သန့်ရှင်းမှု ရှိမရှိ စစ်ဆေးသည့် “ပန်းကြည့်အခမ်းအနား” အပါအဝင် ထူးဆန်းသော စည်းမျဉ်းများကို ရင်ဆိုင်ခဲ့ရပါတယ်။ ထို့နောက် လျှို့ဝှက်ဆန်းကြယ်ပြီး ရက်စက်ကြမ်းကြုတ်ကြသည့် အရင် ကိုယ်လုပ်တော်ကြီးများနှင့် တွေ့ဆုံချိန်တွင် ချောင်အာသည် သူမ၏ ထက်မြက်သော နှုတ်သီးနှင့် သတ္တိကို အသုံးပြု၍ ပရိယာယ်ဖြင့် ရင်ဆိုင်တုံ့ပြန်ခဲ့ပါတယ်။
“ပဉ္စမမြောက် ကိုယ်လုပ်တော်သည် သက်တမ်း ၃ လပဲ ရှိမည်” ဆိုသည့် ကျိန်စာကဲ့သို့ စကားများကို မကြောက်မရွံ့ဘဲ အိမ်တော်၏ ရက်စက်သော စည်းကမ်းများကို ဖျက်ဆီးကာ မမကြီး သေဆုံးမှု၏ အမှန်တရားကို စုံစမ်းရင်း ကလဲ့စားချေသွားမည့်အကြောင်း ရင်ဖိုစိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမည်ဖြစ်ပါတယ်။