Play VIP
လူသတ်သမားအဖွဲ့ရဲ့ ခေါင်းဆောင်မလေး လင်းချောင်ဟာ အနားယူဖို့ပြင်နေတုန်း ဝတ္ထုထဲကို မတော်တဆ ကူးပြောင်းရောက်ရှိသွားခဲ့တယ် သူမဟာ ဥက္ကဌ လီတင်ကျိုးရဲ့ဇနီး ဖြစ်လာခဲ့သလို သူမပြောသမျှ တကယ်ဖြစ်လာတတ်တဲ့ အစွမ်းထက်တဲ့ပါးစပ်ကိုလည်း ပိုင်ဆိုင်ထားတယ်လေ
လင်းချောင် ကျိန်ဆဲလိုက်တဲ့အတိုင်း ရန်စတဲ့သူတွေဟာ မိုးကြိုးပစ်ခံရတာ၊ လဲကျတာမျိုးတွေ တကယ်ဖြစ်လာခဲ့တယ် တကယ်တော့ လီတင်ကျိုး ကားအက်စီးဒင့်ဖြစ်တာဟာ လင်းချောင်ကြောင့်မဟုတ်ဘဲ သူမကို ထောင်ချောက်ဆင် လုပ်ကြံခဲ့တာပဲဖြစ်ပါတယ်
လင်းချောင်ဟာ ကွာရှင်းကြေးယူပြီး ထွက်သွားဖို့ ကြိုးစားပေမဲ့ သူမရဲ့ ရင်ထဲကအတွေးတွေကို လီတင်ကျိုးက ကြားနေရတာကြောင့် အချိန်ဆွဲထားခဲ့တယ် ပြိုင်ဘက် နျန်ရှင်းအာရဲ့ သွေးထိုးမှုတွေကြားမှာ လင်းချောင်တစ်ယောက် သူမရဲ့ ဘီလီယံချီတဲ့ အမွေတွေကို ပြန်ရယူဖို့ ဘယ်လိုဆက်ကြိုးစားမလဲဆိုတာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းမှာပါနော်…….