Play VIP
ထိပ်သီးလုပ်ငန်းစုကြီး ၄ ခုထဲက တစ်ခုဖြစ်တဲ့ ရှူးမိသားစုရဲ့ သခင်ကြီး ရှူးပေ့ချန် (Xu Beichen) ဟာ မိသားစုရဲ့ ဖေးမမှုမပါဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နေသူတစ်ဦး ဖြစ်ပါတယ်
သို့သော်လည်း မိထွေးဖြစ်သူနဲ့ ဖခင်တူဝမ်းကွဲညီ ရှူးထျန်းယို့တို့ သားအမိရဲ့ ကောက်ကျစ်လှည့်ဖြားမှုတွေကြောင့် ကုမ္ပဏီမှာ သူရသင့်ရထိုက်တဲ့ မိခင်ဖြစ်သူရဲ့ ရှယ်ယာတွေကိုပါ အလုခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်ရပါတော့တယ် ထိုအချိန်မှာ ရှူးလုပ်ငန်းစုကြီးဟာ အိမ်ခြံမြေစီမံကိန်းတစ်ခုကြောင့် ဘီလီယံ ၂၀ အထိ အကြီးအကျယ် ရှုံးနိမ့်နေချိန်ဖြစ်ပြီး ရှူးပေ့ချန်က အဆိုပါအရှုံးကို ပြန်ကာမိစေမယ့်အပြင် ၃ ရက်အတွင်း အမြတ်ပါ ထွက်စေရမယ်လို့ စိန်ခေါ်လိုက်ပါတယ် သူဟာ လူတိုင်းက “ရေဆိုးမြောင်းကြီး” လို့ သတ်မှတ်ပြီး ရင်းနှီးမြှုပ်နှံဖို့ အဆိုးဆုံးနေရာအဖြစ် ရှောင်ကြဉ်ကြတဲ့ မိုင်လုံတန်း အေဇုန် မြေကွက်ကို သန်း ၃၀၀ နဲ့ ဝယ်ယူလိုက်တဲ့အခါမှာတော့ ဖခင်ဖြစ်သူအပါအဝင် တစ်မိသားစုလုံးက သူ့ကို ရယ်စရာ ဟာသတစ်ခုလို လှောင်ပြောင်ကြပြီး ရှုံးရင် မိခင်ရဲ့ရှယ်ယာအားလုံးကို လွှဲပေးရမယ်ဆိုတဲ့ လောင်းကြေးထပ်ပွဲကြီး စတင်ပါတော့တယ်
၃ ရက်ပြည့်ဖို့ မိနစ်ပိုင်းအလိုအထိ လူတိုင်းက သူ့ကို ရှုံးနိမ့်သွားပြီလို့ ထင်မှတ်နေကြပေမဲ့ ရှူးပေ့ချန် ကြိုတင်ရရှိထားတဲ့ အထူးလျှို့ဝှက်ချက်အတိုင်း အဆိုပါမြေကွက်ဟာ တန်ဖိုး ၁၀ ဆအထိ ထိုးတက်သွားမလား မိထွေးနဲ့ ညီဖြစ်သူတို့ရဲ့ ရာထူးလုပြဇာတ်ကို ဘယ်လိုမျိုး ပါးပါးနပ်နပ်နဲ့ ပြန်လည်ခြေမှုန်းပစ်မလဲဆိုတာကိုတော့စိတ်လှုပ်ရှားဖွယ် ရှုစားရမှာ ဖြစ်ပါတယ်