Play VIP
ရှမုန့် နဲ့ သမီးလေး ဟန်နျန့်နျန့် တို့ဟာ ပြင်းထန်တဲ့ ကားအတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ် သမီးလေး ဟန်နျန့်နျန့် ဟာ တစ်ကိုယ်လုံးမှာ မှန်စတွေ စိုက်ဝင်နေပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေသလို အဲဒီအချိန်မှာပဲ ရှမုန့် ရဲ့ ခင်ပွန်း ဟန်တုန်း အခင်းဖြစ်ရာကို ရောက်လာခဲ့ပါတယ်
ဒါပေမဲ့ မျှော်လင့်မထားတဲ့ အလှည့်အပြောင်းကတော့ ဟန်တုန်း ဟာ ဒဏ်ရာပြင်းထန်နေတဲ့ သူ့ရဲ့ သမီးကို အရင်ကယ်တင်မယ့်အစား တခြားကားထဲမှာရှိနေတဲ့ ကျန်းချင်းရွှယ် နဲ့ သားဖြစ်သူ ကျန်းယောင်ကျူ တို့ဆီကိုသာ အရင်ဆုံး အပြေးအလွှား သွားရောက်ကူညီခဲ့တာပါ မိမိရဲ့ သမီးအရင်းလေး အသက်လုနေရတာကို မြင်လျက်နဲ့ တခြားမိသားစုကို ဦးစားပေးခဲ့တဲ့ ဟန်တုန်း ရဲ့ ရက်စက်တဲ့ လုပ်ရပ်ကြောင့် ရှမုန့် တစ်ယောက် နှလုံးသား ကြေကွဲသွားခဲ့ရပါတယ်
ဦးစားပေး မခံလိုက်ရတဲ့ သမီးလေးနျန့်နျန့်ကရော ဘယ်လိုမျိုးဖြစ်သွားမှာလဲ ရှမုန့်ကရော ဒီအတိုင်းငြိမ်ခံနေမှာလား
နောက်ပိုင်း ဘာတွေဆက်ဖြစ်သွားမလဲ ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှူရမဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်…..