Play VIP
7 အညွှန်း
အမှတ် ၇၃၀ နဲ့ တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးဆန်းခဲ့ပြီး နိုင်ငံ၏ ထိပ်တန်း ဘေချန်းတက္ကသိုလ်သို့ လျှောက်ထားခဲ့သည့် လင်း (Lin) ဟာ ကျောင်းဖွင့်ရက် ရောက်မှ တက္ကသိုလ်ကြီးတစ်ခုလုံး ပျောက်ကွယ်သွားပြီး သက်မွေးဝမ်းကျောင်းကောလိပ် ဖြစ်နေသည်ကို ရင်နင့်ဖွယ် ကြုံတွေ့ခဲ့ရပါတယ် ပထွေးဖြစ်သူ၏ နှိပ်စက်မှု၊ ယောကျာ်းလေးကိုပဲ အခွင့်အရေးပေးမှုတို့မှ လွတ်မြောက်ရန် ၁ ရက်လျှင် ၄ နာရီသာ အိပ်ပြီး အသက်နှင့်ရင်းကာ ကြိုးစားခဲ့ရသော်လည်း ကျောင်းမှ တာဝန်ရှိသူများက ဘေချန်းတက္ကသိုလ်ဟူ၍ မရှိဟု ငြင်းဆိုကြသဖြင့် ရူးသွပ်ကာ စိတ်ကျန်းမာရေးဆေးရုံ၌ သေဆုံးခဲ့ရပါတယ်
သို့သော် မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင်မူ ကျောင်းလျှောက်ရမည့်နေ့သို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး ဘောအသစ် ပြန်စခွင့် ရခဲ့ပါတယ် အရင်ဘဝက ကြုံတွေ့ခဲ့ရသည့် ကိစ္စများ၏ လျှို့ဝှက်ချက်နှင့် မသမာမှုများကို ဖော်ထုတ်ရန် ပြင်ဆင်ရင်း ဘေချန်းတက္ကသိုလ်၏ တကယ့်ကျောင်းအုပ်နှင့် တာဝန်ခံ ဆရာမတို့ကိုယ်တိုင် မသင်္ကာစရာကောင်းနေပါတယ် နောက်ပိုင်းဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်……..