သိုင်းမျိုးနွယ်စုကြားက လျှို့ဝှက်သခင်လေး

သိုင်းမျိုးနွယ်စုကြားက လျှို့ဝှက်သခင်လေး Play VIP

သိုင်းမျိုးနွယ်စုကြီး ရှစ်ခုထဲက ချင်းမိသားစု၏ သခင်မလေး ချင်ယွီပင်ဟာ သူမကို ယှဉ်နိုင်မည့် ခင်ပွန်းလောင်းရှာရန် လက်ရည်ယှဉ်ပြိုင်ပွဲ ကျင်းပခဲ့ပါတယ် ထိုပွဲမှာ စင်ပေါ်တက်လာသည့် သူတောင်းစား ဝတ်စုံဝတ် ယဲ့ယွင်ဟာ ပြိုင်ဘက် အားလုံးကို အလွယ်တကူ ခြေမှုန်းပြပြီး ခင်ပွန်းလောင်းအဖြစ် ရွေးချယ်ခံလိုက်ရပါတယ်ချင်းမိသားစု၏ မိဘနှစ်ပါးက ယဲ့ယွင်ကို သိုင်းအဆင့်အတန်းမမီဟု ဆိုကာ ဧည့်ခံပွဲတွင် အတွင်းအားသုံး၍ ဒဏ်ရာရအောင် ပညာပြကြပါတော့တယ် သို့သော်လည်း ယဲ့ယွင်က မိဘနှစ်ပါး၏ တိုက်ခိုက်မှုများကို ကစားစရာလိုပင် အစွမ်းပြ ချေဖျက်လိုက်သည့်အပြင် မိခင်ဖြစ်သူ ပစ်လွှတ်လိုက်သည့် တူကိုပါ အသာလေး ဖမ်းယူကာ ဟင်းထည့်ပေးသည့်အဖြစ်သို့ ပြောင်းလဲပစ်ခဲ့ပါတယ်သူတောင်းစားဟု ထင်ထားသည့် ယဲ့ယွင်၏ အစစ်အမှန် အစွမ်းထက်မှုကြောင့် ယောက္ခမ မိဘနှစ်ပါး ပါးစပ်ပိတ်သွားကြပြီး ယဲ့ယွင်ရဲ့သရုပ်မှန်ကရော ဘာလဲ ဆိုတာ စိတ်လှုပ်ရှားဖွယ် ရှုစားရမှာ ဖြစ်ပါတယ်

Drama Drama VIP VIP