Play VIP
နှလုံးသားကို သံခြေချင်းခတ်ပြီး အချစ်ကိုစွန့်လွှတ်ခဲ့တာ နှစ်ပေါင်း ၅၀၀ တိုင်ခဲ့ပြီ နတ်သမီး ဆန်းလန် ဟာ အချစ်မဲ့ကျင့်စဉ်ရဲ့ နောက်ဆုံးအဆင့်ကို တက်လှမ်းဖို့အတွက် သူမရဲ့ နှလုံးသားသော့ကို ဖွင့်ပေးနိုင်မယ့် ကံပါလာသူကို ရှာဖွေဖို့ လူ့ပြည်ကို ဆင်းလာခဲ့ရပါတယ်
ဒီလိုနဲ့ ဆန်းလန် တစ်ယောက် ဟော့မျိုးနွယ်စုရဲ့ ဆက်ခံသူ ဟော့ထင်ကျိုး နဲ့ ဆုံတွေ့ခဲ့ချိန်မှာတော့ နှစ်ပေါင်း ၅၀၀ ကျော် ငြိမ်သက်နေတဲ့ သူမရဲ့နှလုံးသားဟာ မမျှော်လင့်ဘဲ တုန်လှုပ်သွားခဲ့ရပါတယ် ဒါပေမဲ့ သူတို့နှစ်ဦးကြားမှာ မိသားစုတွင်း အာဏာလုပွဲတွေနဲ့ မနာလိုဝန်တိုစိတ် ပြင်းထန်နေတဲ့ စီနီယာအစ်မကြီး ယဲ့ဟုန်လင် တို့ရဲ့ ယုတ်မာတဲ့ အစီအစဉ်တွေက စောင့်ကြိုနေခဲ့ပါတယ်
အေးစက်လှတဲ့ နတ်သမီးလေး ဆန်းလန် တစ်ယောက် လူ့လောကရဲ့ အရှုပ်အထွေးတွေကြားမှာ ဟော့ထင်ကျိုးကို ဘယ်လိုကာကွယ်ပေးမလဲ ပြီးတော့ သူမရဲ့ ကျင့်စဉ်ကိုရော အချစ်စစ်နဲ့ အောင်မြင်အောင် ဖြတ်ကျော်နိုင်မလားဆိုတာ ရင်ခုန်စရာ ကြည့်ရှုရမှာပါနော်