Play VIP
အရင်ဘဝတုန်းက ခင်ပွန်းဖြစ်သူ ရှန်ချွန်းနျန်က သူမရဲ့သက်တမ်းဟာ ၂ နှစ်ပဲ ကျန်တော့ပြီး သူကတော့ အသက် ၁၀၀ အထိ နေရမယ်လို့ ပြောခဲ့တာကြောင့် မြန့်မြန့်တစ်ယောက် အစကတော့ ယုံကြည်ခဲ့ပါတယ် ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ သူမဟာ ရှန်ချွန်းနျန်နဲ့ ခရီးမထွက်ခင် တစ်ရက်အလို ဘဝဟောင်းကို ပြန်လည်မွေးဖွားခွင့် ရရှိခဲ့ပြီး သူမရဲ့ အသက်ရှည်မယ့် သက်တမ်းတွေကို ခင်ပွန်းဖြစ်သူက လျှို့ဝှက်နည်းလမ်းတစ်ခုနဲ့ ခိုးယူနေမှန်း အံ့ဩဖွယ် သိရှိသွားခဲ့ပါတယ်သူမ ဘယ်လောက်ပဲ သတိထားနေပါစေ ခရီးသွားရင်း ရှုခင်းကြည့်နေတဲ့ အချိန်တွေမှာတောင် ခင်ပွန်းဖြစ်သူရဲ့ ပရိယာယ်ကြောင့် သက်တမ်းတွေဟာ တစ်ပြိုင်တည်း လျော့နည်းလာပြီး အိုမင်းတဲ့လက္ခဏာတွေပါ ပေါ်လာခဲ့ပါတယ် ခင်ပွန်းဖြစ်သူရဲ့ သက်တမ်းလဲတဲ့ အန္တရာယ်ရှိလှတဲ့ အစီအစဉ်တွေကြားကနေ မြန့်မြန့်တစ်ယောက် ဘယ်လိုမျိုး လမ်းခွဲထွက်ပြေးပြီး သူမရဲ့အသက်ကို ပြန်လည်ကယ်တင်မလဲဆိုတာ တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်နော်……