အလှမယ်အေးဂျင့်ကြီးရဲ့ လျှို့ဝှက်မစ်ရှင် – ၂၀

အလှမယ်အေးဂျင့်ကြီးရဲ့ လျှို့ဝှက်မစ်ရှင် – ၂၀ Play VIP

အကြမ်းဖက်သမားများက မြို့လုံးကျွတ် မယ်ရွေးပွဲပြိုင်ပွဲတွင် ဗုံးခွဲတိုက်ခိုက်ရန် စီစဉ်နေကြောင်း သတင်းရရှိပြီးနောက် ဂန်အန်းလုံခြုံရေးဌာန (Gang’an Security Bureau) မှ ထိပ်တန်းအေးဂျင့် ရွှီအန်း (Xu An) သည် ရွှီယွမ်ယွမ် (Xu Yuanyan) ဟု အမည်လွှဲကာ အမျိုးသမီးပြိုင်ပွဲဝင်အဖြစ် ရုပ်ဖျက်စုံစမ်းရန် ဝင်ရောက်ခဲ့ပါတယ်။ သို့သော် မမျှော်လင့်ဘဲ သူ၏ ချစ်သူ အာကျဲ နှင့် သူမ၏ သူငယ်ချင်းကပါ ထိုပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နေသည်ကို တွေ့ရှိခဲ့ရပါတယ်။ရွှီအန်းသည် ပြိုင်ပွဲဝင် ဝီဗီယမ် (Vivian) ၏ အကွက်ဆင် နှောင့်ယှက်မှုများကို ဖြေရှင်းရင်း ချစ်သူလေးအား တိတ်တဆိတ် ကာကွယ်ပေးခဲ့ရပါတယ်။ ပြိုင်ပွဲအတွင်း မတော်တဆမှုများ ရုတ်တရက် ဖြစ်ပွားခဲ့သော်လည်း ရွှီအန်းသည် စူပါအေးဂျင့်တစ်ဦး၏ ကျွမ်းကျင်မှုများဖြင့် အန္တရာယ်များကို ကျော်လွှားကာ နောက်တစ်ဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါတယ်။

ထို့နောက် ဧည့်ခံပွဲတွင် သူဌေးကြီး လီကျန့်ရုန်း (Li Jianrong) နှင့် ဆုံတွေ့ကာ သဘောကျနှစ်သက်ခြင်း ခံခဲ့ရသလို၊ ချစ်သူ အာကျဲ ကလည်း အသေးစိတ်အချက်အလက်များမှတစ်ဆင့် ရွှီအန်း၏ မသင်္ကာဖွယ် မတူညီသော မူပိုင်အမူအကျင့်များကို စတင်ရိပ်မိလာခဲ့ပါတယ်။ အရေးကြုံချိန်တွင် ရွှီအန်းသည် ရဲရဲဝံ့ဝံ့ ရှေ့ထွက်၍ ကြေးစားလူသတ်သမားများကို နှိမ်နင်းကာ အာကျဲ၏ လုံခြုံရေးကို ကာကွယ်ပေးရင်း ပုန်းကွယ်နေသော အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးမည့် အကြောင်းကို  ဒီဇာတ်လမ်းထဲတွင် စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမည်ဖြစ်ပါတယ်……

Drama Drama VIP VIP