ဥက္ကဌမလေးရဲ့ ကိုယ်ပျောက်ကိုယ်ရံတော်

ဥက္ကဌမလေးရဲ့ ကိုယ်ပျောက်ကိုယ်ရံတော် Play VIP

ရှူးမိသားစုရဲ့ တစ်ဦးတည်းသော သမီးမိန်းကလေး ရှူးကျားယွင်ဟာ ငယ်စဉ်ကတည်းက မိဘနှစ်ပါး ကားမတော်တဆမှုနဲ့ ကွယ်လွန်သွားခဲ့ပေမယ့် ကြိုးစားရုန်းကန်ရင်း ဖန်းဒူးဂရုရဲ့ ဥက္ကဌဖြစ်လာခဲ့ပါတယ် သူမဟာ ငွေကြေးနဲ့ အာဏာတွေကြားမှာ ရှင်သန်နေရပေမယ့် ကုမ္ပဏီတွင်းက အာဏာလုချင်တဲ့ ဆွေမျိုးတွေနဲ့ အပြင်က စီးပွားရေးပြိုင်ဘက်တွေရဲ့ လုပ်ကြံမှုတွေကြောင့် အမြဲတမ်း အန္တရာယ်ဝိုင်းဝိုင်းလည်နေရသူလည်း ဖြစ်ပါတယ် ဒီလိုအခြေအနေတွေကြားမှာ သူမကို ကာကွယ်ဖို့အတွက် သာမန်လုံခြုံရေးဝန်ထမ်းလေးတစ်ယောက်ဖြစ်တဲ့ ကျန်းရိကို ကိုယ်ရံတော်အဖြစ် ခန့်ထားလိုက်ရာကနေ ဇာတ်လမ်းက စိတ်ဝင်စားဖွယ် စတင်လာခဲ့ပါတယ်

ကျန်းရိက သာမန်လူတစ်ယောက်လို့ ထင်ရပေမယ့် မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခုကနေတဆင့် ကိုယ်ပျောက်နိုင်တဲ့ အစွမ်းကို ရရှိသွားခဲ့ပြီး ဘယ်သူမှ မမြင်နိုင်တဲ့ အနေအထားကနေ သူ့ရဲ့ သူဌေးမလေးကို သေမင်းတမန် ထောင်ချောက်တွေထဲကနေ အကြိမ်ကြိမ် ကယ်တင်ပါတော့တယ် ဒီကိုယ်ပျောက်အစွမ်းတွေက သူ့ဆီကို ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ ဆိုတဲ့ လျှို့ဝှက်ချက်ကလည်း ပဟေဠိတစ်ခုလို ဖြစ်နေပြီး ကျန်းရိအနေနဲ့ သူ့ရဲ့ အစွမ်းတွေကို အသုံးချပြီး အန္တရာယ်တွေကြားကနေ ရှူးကျားယွင်ကို ဘယ်လိုပုံစံနဲ့ဆက်လက်ကာကွယ်သွားမလဲ ဆိုတာကလည်း ရင်ခုန်စရာ အပိုင်းတွေပဲ ဖြစ်ပါတယ်

အမြဲတမ်း အေးစက်စက်နေတတ်ပြီး ဘယ်သူ့ကိုမှ အယုံအကြည်မရှိတဲ့ သူဌေးမလေး ရှူးကျားယွင် တစ်ယောက် သူမကို အရိပ်လို ကာကွယ်ပေးနေတဲ့ ကျန်းရိအပေါ်မှာ ဘယ်လိုမျိုး သံယောဇဉ်တွေ ထူးထူးခြားခြား ဖြစ်လာမလဲ ဆိုတာကလည်း စိတ်လှုပ်ရှားစရာပါပဲ နောက်ဆုံးမှာတော့ ကျန်းရိရဲ့ အကူအညီနဲ့အတူ ရန်သူတွေကို အနိုင်ယူပြီး ရှူးမိသားစုရဲ့ အမွေဆက်ခံသူ အစစ်အမှန်အဖြစ် သူမ ရပ်တည်နိုင်မလား ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် အက်ရှင်အချစ်ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်…….

Drama Drama VIP VIP